Pages

Saturday, 26 November 2016

။ဖိတ်ခေါ်ပါယင့် အောင်ဇေယျမြီမှ။


။ဖိတ်ခေါ်ပါယင့် အောင်ဇေယျမြီမှ။

ဂစ္စပနဒီ
စီးဖြာသွယ်​ဆင်း 
ဤမြစ်​မင်းကား
ပြည်​ခိုင်​သားရို့
ဝမ်းစာအ​ရေး
ဖြည့်​ဆည်းပီးခ 
ကျေးဇူး အနန္ဒ ဂစ္စပ
ဂစ္စပမြစ်​မှ
တဖန်​လက်​တက်
ဖြာထွက်​ပါမှူ
မင်း​ချောင်း​ခေါ်တွင်​ 
ချောင်းအရှင်​လည်း 
မြောက်​မှ​တောင်​သို့
စီးဗျာလ်​ဆင်း၏
ဤ​ချောင်းအတိုင်းပင်
စုန်​ဗျာလ်​ဆင်း၍
ရှေ့ ​နောက်​ ဘယ်​ ညာ
လှမ်းကြည့်​ပါမှူ
အ​ရှေ့ဖက်​ကမ်းခြီ
လွင်​ပြင်​ကျယ်​မှာ
စိမ်းလန်းသာယာ
အောင်​​ဇေယျ ရွာ
တည်​ရှိလီ၏
ကျွန်​​တော်​ရို့၏
မွီးရပ်​ဋ္ဌာနီ
ချက်​မြှတ်​မြီတည်း 
တကျွန်းတည်းတည်​လာ
ကျေးရွာများနန့်
ညီ.ကိုပမာ
ချစ်​ခင်​ကာဖြင့်
ကိုင်းကိုကျွန်းမှီ
ကျွန်းကိုင်းမှီသို့
သွီးစည်းခိုင်​မြဲ
လက်​ချင်းတွဲ၍ 
ခေါ်တွင်​သမုခ်
အမည်​ထုပ်​​သော်
ခုနှစ်​ရွာတည်​ထွန်း 
အောင်​​ဇေယျ ကျွန်းဟု
လူသိများကာ
ကျွန်း၏အလယ်​ 
တောင်​ကုန်းထက်​၀ယ်
ကျွန်းသူ ကျွန်းသား
ညီညွတ်​အားဖြင့်
မြတ်​ဗုဒ္ဓ အမွီ
အဓွန့်​ရှည်​ဖို့ အရေး 
ရည်​​မျှော်​​တွေး၍
ထုလုပ်​တည်​ထား
မြတ်​ဘုရားကား
မြကျွမ်းသာပင်
ဘွဲ့မည်​တွင်​၏
နွီးဦး တပေါင်း
လ.မြတ် အခါ
စိုင်​လာမပျက်
ပွဲလန်းသဘင်
ဆင်​ယင်​ကျင်းပ
ဘုရားဖူးလာ 
ဆွေသဟာဖြင့်
ဇမ္ဗူမှာရှား
စည်​ကားလှ၏
ကျွန်းသူကျွန်းသား
စု​ပေါင်းအားဖြင့်
ဘုရားဖူးလာ
ဆွေသဟာအား
ထမင်းကအစ
မုန့်​ပဲသ​ရေစာ
ပီးလှူကာဖြင့်
ထိုနိန့်​ထုးကား
သဒ္ဒါတိုးပွား
ကုသိုလ်​များ၏
အခွင့်​အခါ
ကြုံကြိုက်​ပါ၍ 
အောင်​​ဇေယျကျွန်း 
ရောက်​လတ်​ပါမှူ 
တောစခန်းသာယာ
ဇေယျ ရွာကို
အလည်​လာဖို့အ​ရေး 
ဒေကဗျာရွီး၍
ဖိတ်​​ခေါ်လိုက်​​တေ 
လေးဝတီက
သွီးရင်းရို့​လေ...

ခိုင်မင်း(ဝရာဇ်မြီ)

27/11/2016 နိန့်

No comments:

Post a Comment