Pages

Saturday, 24 December 2016

Wednesday, 21 December 2016

ရခိုင်အောင်လံ လမ်းဘဲမာငို့လို့ဟိလီယင့်။

"ရခိုင်အောင်လံ လမ်းဘဲမာ ငိုလို့ဟိလီယင့်"

--------------------------------------------------------

ရခိုင်သူ ရခိုင်သား အစ်ကိုကြီး အစ်မကြီး ညီချေ ညမချေ အဖိုး အဘောင် အားလုံးရို့ကို အမျိုးသျိုက်ကတ်စွာကို မြင်ရလို့လေး ဂုဏ်ယူစွာနမ်း ဝမ်းသာလှပါရေ။

အမျိုးသျိုက်ကတ်လို့လေး ပွဲပြင်ကျကေ ရခိုင်သူ ရခိုင်သားချေတိက နဖူးမာ ရခိုင်အောင်လံ စတေကာ ကပ်  ပါးမာ ရခိုင်အောင်လံ စတေကာ ကပ် မြင်ရစွာတိကို တဝကြီးကျေနပ်စွာနန့် ကြက်သန်းတစ်မြိုက်မြိုက်ထလောက်အောင် ဝမ်းသာပါရေ ပျော်လေးပျော်ပါရေ။

ပွဲပြင်ကျီလို့ ရခိုင်သူ ရခိုင်သားသျှေတိက အိမ်ပြန်လာကတ်ခါ ရခိုင်သူ ရခိုင်သား ပါးပြင် နဖူးပြင်တိမာ ကပ်ထားရေ ရခိုင်အောင်လံ စတေကာတိကို ခွါချပျာ နောက်ပြန် ဝေးသက်ပိုက်ခကတ်တေ  ရခိုင်အောင်လံချေတိက ဇာနီရာမာ ကျလို့  ဇာနီရာမာ တင်နီခလေးဆိုစွာကို မသိခကတ်။

ရခိုင်အောင်လံချေတိက ကားလမ်းမမာ ကျကျန် လူလားလမ်းမာ ကျကျန် အိမ်သာဝမာ ကျကျန် ဟိုလူလာလေး နင်း ဒေလူလာလေး နင်း  ရခိုင်အောင်လံတိက အသံပေါင်းများစွာနန့် အော် ဟိုက်ပျာ မျက်ရည်တစ်သွောသွောနန့် လမ်းဘဲမာ ငိုလို့ဟိလီယင့်။

ဂနီဆိုကေ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမာ ရခိုင်အောင်လံသျှေတိက ဇာလောက် ဇာလောက်ငိုလို့ဟိလိမ့်မေ မသိ။

ကိုယ်ရို့တန်ဖို့ထားရေ ရခိုင်အမျိုးသားရီးအောင်လံကို တန်ဖို့ဟိဟိနန့် သုံးစွဲကတိပါ ထိမ်းသိမ်းကတ်ပါ စောင့်ရှောက်ကတ်ပါ ဂရုစိစ်ကတ်ပါ။

ခိုင်မင်း(ဦးရာဇ်မြီ) 21/12/2016 တလင်းဂနီနိန့်

Tuesday, 6 December 2016

*ကြီနပ်ပါရေ*


*ကျေနပ်ပါရေ*
------------------
အရီကိုလှန် အအုကိုထု
အသားကို နီပူလှမ်း
ဘန်းဒီကို မီး/ရီနန့်ပြုတ်
ငါဘဝကို  သဘော်အုလုပ်
ဆီဆားငရုတ် ကြွက်သွင်စုံကာ
မင်းသုဒ်စားလေး ကျနပ်ပါရေ။။

ခိုင်မင်း(ဦးရာဇ်မြီ)

6/12/2016နိန့်

Sunday, 4 December 2016

သားဆိုး

သားဆိုး
================
ကိုးလလွယ်ထား   ဆယ်လဖွားပျာ
ဖဝါးလက်နှစ်လုံး   ပခုံးလက်နှစ်သစ်
လူဖြစ်အောင်   ထုစိုက်/ချီဆပ်
စောင့်ရှောက်ပြုစု   ဂရုစိတ်လို့
ဆိုးသမျှဒဏ်    အမင်စံကာ
သွန်သင်ဆုံးမ  သြဝါဒနန့်
လောကနယ်ပယ်   ရှင်သန်ခွင်းပီး
အမင် မောတ္တာ    စေတနာကား
ရီကြိုင်အီးမြ   တင့်တေလှစွော
အီးချမ်းသာယာ      ဤကမ္ဘာလေ့။

သားသျှေလူလှ အရက်ခွက်နင့်
ဖြေးဝိုင်းမကျန် အစုံလှန်ကာ
ရွာကိုပါတ်သောက် မှောက်ခုံထောက်ပျာ
လေးဖက်လေးတွား   ကြောင်အလားသို့
ယုတ်မာကောက်ကျိုက် အကြံညစ်၏
ရွာမာမကန်   ပြည်ကကန့်လို့
တိုင်းခြားရောက်မှ နောင်တရ၏ ။

အရက်လေးပြတ် ဖြေးလေးလွတ်ကာ
သားချေလူလှ  လူကောင်းဘဝ
ရောက်လတ်ပါပျာ သြော်...အမင်။

အမင်ကျေးဇူး  မြင့်မိုရ်ဦး
အမင်မောတ္တာ  စမ်းသီတာကို
စာဖွဲ့ကာစီ  နိုင်းမမြီ၍
စာလုံးလေးပျောက်  ညည့်နက်ရ၏။

ကျေးဇူးအနန္ဒ ကြီးမားလှ၏
အမင်အပြုံး  မျှော်ကာမှန်းပျာ
လှမ်းကာမျှော်ကြည့် နောင်တရ၍
သမုဒ္ဒရာ  စကြ်ာဝဠာ အနန္ဒ
မိုးမြီမက ကျယ်ပြန်လှရေ
အမင်မောတ္တာ သိလိုက်ပါခါ
ခြီရာလည်ပျောက် တမလွမ်ရောက်လို့
လောကဇာတ်ခုံ  လုဘုံနယ်မြီ
ဆုံးယှုံးခပျာ အမင်ရင်ခွင်
သတိရပါပျာ  အမင်
အောက်မိန်းပါပျာ အမင်
လွမ်းဆွဲပါပျာ အမင်
တမ်းတပါပျာ အမင်
ကုသိုလ်ကောင်းမူ ပြုရုံကလွဲ
ဇာတစ်ခုလေး မတက်နိုင်ပျာ
အမင်ကျေးဇူး ဆပ်ခွင်ကြုံချင်လိုက်တေပင် အမင်။။

---------------------------------------------------------------
သာလီစွပါ အမျိုးအားလုံး

ခိုင်မင်း(ဦးရာဇ်မြီ) 4/12/2016 နိန့်

Wednesday, 30 November 2016

ဗုဒ္ဓဂါယာမှရခိုင်ဘုရင်မင်းထီးကျောက်စာ

ဗုဒ္ဓဂါယာမှရခိုင်ဘုရင်မင်းထီးကျောက်စာ
•••••••••••••••••••••••••••••••••••••••••••••••

ဒီကျောက်စာဟာ အိန္ဒိယနိုင်ငံ ဗီဟာပြည်
ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်မြတ်၏ ပေ ၄၀ ခန့်အကွာမှာတည်ရှိပြီးရခိုင်ဘုရင်မင်းထီး
(လေးမြို့ခေတ်)တွင် တည်ထားသော ဗျာလ်ရုပ်ထုပါ စတူပါစေတီငယ်နဲ့ အလှူမော်ကွန်းကျောက်စာ ဖြစ်ပါတယ်။မဟာဗောဓိကျောက်စာဆိုပြီး လူသိများတဲ့ရခိုင်ကျောက်စာတစ်ခုလည်း ဖြစ်ပါတယ်။

ရခိုင်ဘုရင်မင်းထီးဟာ အသက် ၇ နှစ်အရွယ်(အေဒီ ၁၂၈၃)ကတည်းက ထီးနန်းအုပ်ချုပ်ခဲ့တာ ဖြစ်ပြီး အေဒီ ၁၃၈၉ ထိ နန်းသက်စုစုပေါင်း ၁၀၆ နှစ်ဖြင့် ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်တစ်ပါးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ထားတဲ့ ရခိုင်ဘုရင်တစ်ပါးလည်း ဖြစ်ပါတယ်။

ဘုရင်မင်းထီးလက်ထက်အတွင်းရခိုင်အမျိုးသားဘုရင့်နိုင်ငံတော်ရဲ့ နယ်နိမိတ်ဟာဆိုရင် အနောက်ရခိုင်ပြည်(ယခု ဘင်္ဂလားဒေသ) အိန္ဒိယက မြုံထောင်(တြိပူရ၊အာသံ ဂင်္ဂါမြစ်ဝှမ်း တလျှောက်)  အရှေ့ဖက်မှာတော့ ရိုးတစ်ဖက်အလွန် သရက်မြို့အထိနဲ့ မော်တင်စွန်း ဟိုင်းကြီးကျွန်းကနေ ပုသိမ်နာဂရစ်အငူအထိ (ယခုဧရာဝတီတိုင်းဖြစ်နေတဲ့ ဒေသ)ထိ နယ်နိမိတ်ကျယ်ပြန့်ခဲ့ပြီး တရားစောင့်သော
ရခိုင်ဘုရင်မင်းကောင်းမင်းမြတ်များစွာထဲက တစ်ပါးအဖြစ် ရခိုင်သမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ မင်းတစ်ပါးလည်း ဖြစ်ပါတယ်။

တရားစောင့်သောရခိုင်ဘုရင်မင်းထီးသမိုင်းအကျဉ်း
••••••••••••••••••••••••••••••••••••••••••••••••••••••••••

မင်းထီး၏ဖခင်မင်းဘီလူးသည်ကုသိုလ်ကောင်းမှု့တို့ကိုမပြု ပြည်သူပြည်သားတို့ကို ကြမ်းတမ်းယုတ်မာစွာပြုမူဆက်ဆံသည်။
မင်းထီးသည် မင်းဘီလူး၏သားအရင်းဖြစ်သည်။
မင်းထီးကိုဖွားမြင်သောအခါကောင်းသောအတိတ်နိမိတ်၊စနည်းတဘောင်တို့သည်များစွာပေါ်လေသည်။ထိုအခြင်းအရာကိုသိရသောမင်းဘီလူးသည်ယုတ်မာသောအကြံဖြင့်မိမိ၏သားငယ်မင်းထီးအားပုခက်တွင်ထည့်ကာရေသို့မျှောလိုက်၏။သို့သော် မင်းထီးမှာသေဆုံးခြင်းမရှိချေ ။
တံငါသည်များကတွေ့ရှိပြီးပြန်ပို့လာလေသည်။
မင်းဘီလူးသည် မိမိသားငယ်မင်းထီးအား
ရိုးချောင်းဖျားသို့လျှို့ဝှက်စွာပို့ထားလိုက်လေသည်။ထိုအကြောင်းကိုနန်းတွင်း၌ မှူးမတ်တို့သိရှီကြသောအခါအချင်းချင်း
တိုင်ပင်ပြီး အမတ်စည်သဘင် ဦးဆောင်ကာ
မင်းဘီလူးအားလုပ်ကြံသတ်ဖြတ်ရန် စီစဉ်လေတော့သည်။ မင်းဘီလူးသည် ထိုအချင်းအရာအား သိရှိသွားကာ သူ၏နောက်လိုက်များအား ခြံရံလျက် အောက်အရပ်သို့ထွက်ပြေးတိမ်းရှောင်သွားလေသည်။

ထို့နောက် မူးမတ်တို့သည် အမတ်ကြီးစည်သဘင်အား ရခိုင်သက္ကြဇ်
(၆၄၃)ခုနှစ်တွင် နန်းတင်ကြလေသည်။
စည်သဘင်အမတ်ကြီးသည် ထီးနန်းတက်ပြီးသောအခါမင်းဆွေမင်းမျိုးတို့အား စီစစ်၍ ညှဉ်းဆဲကွပ် မျက်ခြင်းပြုလာလေသည်။
ထို့ကြောင့်ကျန်သောမင်းဆွေမင်းမျိုးတို့သည်
ပြည်သူပြည်သားတို့နှင့်တိုင်ပင်လျှက် စည်သဘင်အမတ်အား(၆၄၅)ခုနှစ်တွင်လုပ်ကြံသတ်ဖြတ်ပြီးရိုးချောင်ဖျားတွင် ဝှက်ထားသော (၇)နှစ်သားအရွယ်မင်းထီးအား
ယူဆောင်လျှက် စောစစ်ဟူသောမိဖုရားနှင့်
ဦးရီတော်အနန္တဘယ၏ရင်ခွင်ပိုက်မင်းအဖြစ် ထီနန်းအုပ်ချုပ်မင်းလုပ်စေလေသည်။

မင်းထီးသည်ရတနာသုံးပါးကိုအလွန်ကြည်ညိုမြတ်နိုး၏များစွာသောကောင်းမူ့ကိုပြု၏။
မင်းမျိုးမင်းဆွေ မှူးမတ်ပြည်သူတို့ကိုများစွာသော ချီးမြှောက် မ'စ၏အခွန် အတုတ် တို့ကိုလည်း လျှော့ပေါ့၍ကောက်ခံ၏။ဒါန၊သီလ၊တရားတို့ကိုလည်းအားထုတ်တော်မူ၏။မိမိနှိင်ငံသို့ဝင်ရောက် ကျူးကျော်လာသော မြန်မာ၊မွန်ဂို၊သက် တို့အားလည်းတိုက်ခိုက်နှိမ်နင်းအောင်မြင်တော်မူလေ၏။ဘုရင်မင်းထီးသည်တရားဥပဒေစိုးမိုးရေးကိုအထူးအလေးပေးခဲ့သည်။ဥပဒေပြုရာတွင်လည်းအထူးပင်တိကျပြတ်သားမူ့ရှိလေသည်။

သားမကောင်းလျှင် အဖေ၊
သမီးမကောင်းလျှင် အမိ၊
မယားမကောင်းလျှင် လင်၊
တပည့်မကောင်းလျှင်ဆရာ၊
ကျွန်မကောင်းလျှင် အရှင်တို့တွင်တာဝန်ရှိသည်ဟုပြဌာန်းပြီး
သေဒဏ်ထိကျစေရန်သတ်မှတ်ခဲ့သည်။
ဤဥပဒေသည်များစွာပြင်းထန်သည်ဟုမှတ်ယူနှိင်သော်လည်းဤဥပဒေကြောင့်သာတိုင်းပြည်ကိုကောင်းကောင်းမွန်မွန်ပြုပြင်ပေးနှိင်ခဲ့သည်ပင်ဖြစ်သည်။

ဘုရင်မင်းထီးသည်ဥပဒေပြုသူသက်သက်သာမဟုတ်ဘဲကိုယ်တိုင်လည်း ဥပဒေကိုအထူး
လိုက်နာတတ်သူလည်းဖြစ်သည်။

တစ်ခါသော် မင်းမူထမ်း၊ အမတ် စသူတို့သည် ကွမ်းစားပြီးလျှင် နန်းတော်တိုင်များကို အမှတ်မဲ့သုတ်လေ့ရှိသည်။ ဘုရင်မင်းထီးမြင်သော် “နောင်ထုံးသုတ်သူကို တွေ့လျှင်သုတ်သည့် လက်ချောင်းကိုဖြတ်မည် ” ဟု အမိန့်တော်မှတ်လေသည်။ တစ်နေ့၌ ဘုရင်ကိုယ်တိုင် လက်ညိုးဖြင့် ထုံးသုတ်မိ၏။ မြင်သောအမတ်တစ်ပါးက အချိန်နာရီနှင့်တကွ မှတ်ထား လိုက်လေ၏။ ထိုထုံးသတ်ရာကို ဘုရင်မင်းထီးမြင်သော် စစ်မေးရာ အမတ်ကလည်း ဘုရင်ကိုယ်တိုင်သုတ်ကြောင်း အချိန်နှင့်တကွ လျှောက်တင်သောအခါ ဘုရင်မင်းထီးသည် အများရှေ့မှာပင် မိမိ၏ လက်ညိုးကို သန်လျက်ဖြင့် ဖြတ်လိုက်လေသည်။
(လောင်းကျက်မြို့အနီး နန်းကျအရပ်တွင် ဘုရားရုပ်တုတစ်ဆူ ရှိလေရာ ရှေးက လက်ယာဘက်တွင် လက်လေးချောင်းသာ ရှိသည်။ လက်ညိုးမပါချေ။ ထိုဘုရင်ကိုစွဲ၍ လည်ကောင်း၊ အပြုအမှုကို အထိမ်းအမှတ်ပြု၍လည်ကောင်း တည်ထားဟန်တူသည်)

ရာထူးများခန့်ထားရာတွင်လည်းအဂတိမလိုက်စားဘဲအရည်အချင်းရှိသူကိုရှိသူအလျှောက်ထိုက်တန်စွာခန့်ထားလေသည်။
ဘုရင်မင်းထီးလက်ထက်တွင် ဘုရားပုထိုးစေတီများ ကျောင်းကန်ဇရပ်များ မြောက်များစွာ လှူဒါန်းတည်ထားခဲ့ပြီး ဘာသာသာနာလည်းအလွန်တိုးတက်ထွန်းပြောင်ခဲ့သည်။တိုင်းပြည်လုံခြုံရေးအတွက်မူလက်နက်အင်အားများကိုတိုးချဲ့ခဲ့လေသည်။
ထို့ကြောင့်အေဒီ ၁၂၉၈တွင်မွန်ဂိုတို့၏ အလုံးအရင်းဖြင့်ကျူးကျော်မူ့ကိုအောင်မြင်စွာတွန်းလှန်နှိင်ခဲ့လေသည်။

ထိုစဉ်ခေတ်ပြိုင်ပုဂံနှိင်ငံသည်အေဒီ-၁၂၈၄ခုနှစ်တွင်မွန်ဂိုကျူးကျော်မူ့ကိုမခံနှိင်သဖြင့်ပျက်စီသွားလေသည်။ဘုရင်မင်းထီးလက်ထက်တွင်ရခိုင်လက်ဝင်နိုင်ငံဖြစ်သောဘင်္ဂါ၁၂တိုင်းနှင့်
အရှေ့အနောက်တိုင်းငယ်များကိုလက်အောင်ခံများအဖြစ်ပြန်လည်သိမ်းသွင်းနှိင်ခဲ့သည်။
ဘုရင်မင်းထီး၏အုပ်ချုပ်ရေးကာလသည်
နှစ်ပေါင်း ၁၀၆နှစ်ရှည်ကြာခဲ့သည်။
မင်းထီးဘုရင်လက်ထက်သည်လေးမြို့ခေတ်တွင်အတိုးတက်ဆုံးဖြစ်လေသည်။

မင်းထီးဘုရင်အုပ်စိုးစဉ်ကာလကသူဌေးတစ်ယောက်၏ ကျွန်များသည်နွားခိုးမှုတစ်ခုတွင် ဖမ်းမိသဖြင့်သူဌေးသည် ကျွန်ရှင်ခံရ၍
အသက်သေမည်စိုးကာမင်းထီးဘုရင်အားရင်ခွင်ပိုက်အုပ်ချုပ်နေသောဦးရီးတော်အားအသပြာငွေမြောက်များစွာပေးကာကျွန်ရှင်ခံခိုင်းလေသည်။
ဦးရီးတော်သည်လည်းမင်းထီးဘုရင်သည်
သူ့အားအပြစ်ပေးလိမ့်မည်ဟုမထင်သဖြင့်အသပြာငွေအားလက်ခံကာကျွန်ရှင်ခံပါမည်ဟုကတိပေးလိုက်လေသည်။အမှုစစ်သောအခါ ဘုရင်မင်းထီးသည်ကျွန်များ၏အရှင်မှာ ဦးရီးတော်ဖြစ်ကြောင်းသိရ၍
အမတ်မင်းများအားထုတ်ပြန်ထားသော ဥပဒေများကို ဖတ်ခိုင်းစေကာဦးရီးတော်အား ကွက်မျက်လိုက်လေသည်။
ဘုရင်မင်းထီး အုပ်ချုပ်စဉ်ကာလက
ရခိုင်ဘုရင့်နိုင်ငံသည်တရားသောမင်း အုပ်ချုပ်သောနိုင်ငံဟု
ကမ္ဘာ့ အလယ်တွင် ထင်ရှားခဲ့လေသည်။

ကိုးကား : ရခိုင်သမိုင်းအလင်းပြကျမ်း

ရင်မှာမွန်းကျပ် ဤအဖြစ်ပျက် ရခိုင်သား သိပါစီသာ်"

"ရင်မှာမွန်းကျပ် ဤအဖြစ်ပျက် ရခိုင်သား သိပါစီသာ်"
***************************

ဆောင်းလရာသီ နှစ်တိချီပျာ
ပြန်လည်ကွိကောက် ကျွန်သက်မြှောက်လို့
(232)နှစ်ပြည့်  ကံကြမ္မာဆိုး
အသက်ဝင်ကာ ကြွေကြွီ ဝမ်းနည်းရာ
အုံမှိင်းဆိုင်းဆိုင်း တဒိုင်းဒိုင်းနန့်
ရောက်လတ်ပါပျာ ဧ့ဒီဇင်ဘာ။

ဟို...
အယင်ခါက    ဘီစီ(၃၃၂၅)ခုနှစ်ကပင်
စိမ်းညိုမှိုင်းပြာ     ရိုးတောင်နောက်မာ
ဝတီလေးစင်း     ထုဆက်ပျာထား
ရွှေရခိုင်ပြည်      လခြမ်းမြီမာ
ရခိုင်အစ          ဓညဝတီ
မာရာယု    မင်းမြတ်က
ကိုယ့်ထီး.ကိုယ့်နန်း    ကိုယ်ကြငြန်းနန့်
မျိုးစောင့်ရခိုင်   ရွီမဏ္ဍိုင်လို့
ရက္ခိုင့်ဟူ၍       မျိုးရိုးဂုဏ်လျှင်
နှစ်ပေါင်း(၅၁၀၉)နှစ် ကာလတာရှည်
ထိမ်းသိမ်းစောင့်ရှောက် ကမ္ဘာသိအောင်
တုက္ကံသိမ်တော်       အံတော်ဘုရား
ရခိုင်မင်းရို့         အဆက်တည်ထား
သက်သီအထောက်ထား  ဟိပါလီယင့်။

ပြည်လက္ခဏာ        ဖျက်သူကဖျက်
ပျက်မှန်းမသိ       ပျက်ပြယ်လှာရေ
ရခိုင်အချင်းချင်း      သွီးဝမ်းကွဲလို့
မဟာသမ္မတရာဇာ  နန်းပယ်ချကာ
မင်းသားဟာရီ  နန်းတင်ဖို့
ထောက်ခံရေ   သွီးသစ္စာဖောက်
အသိုင်းအဝိုင်း လူမိစ္ဆာကား
ဘိုးတော်ဘုရင်   (မောင်ဝိုင်း) ရင်ခွင်
ဆက်သွယ်ပူပေါင်း  ထိုကျိုးဆက်ကြောင့်
ကျူးကျော်ရန်ပြု  မောင်ဝိုင်းလုကာ
(1784)ခုနှစ်  ဒီဇိမ်ဘာ(31)
ဥသြရီသောက်        မင်းဆက်ပျောက်​တေ
မြောက်ဦးရွီနန်း     ထီးနန်းကျပျာ
အကြံပါတ်စက်     အောက်သားရက်စက်ကေ
ဂစ္ဆပရီ သွီးချောင်းစီးပျာ
တင်းဝါးပန်းခိုင် တမြိုင်မြိုင်
ရခိုင့်အလောင်းပေါင်း (၇၄၅၂၇၅၅)သီဆုံး၏

ငို.ငို.ငို.
အစ်ကို.အမိလေး ငို
အစ်ကို.အဖလေး ငို
အစ်မ.အဖိုးလေး ငို
အစ်မ.အဘောင်လေး ငို
မင်း.နှာမလေး ငို
မင်း.ညီလေး ငို
ငါ.အဖီးလေး ငို
ငါ..လေး ငို
ရခိုင် တပြည်လုံးငို...ငို...ငို...ငို...။

ယေကေ...
ပစ္စုပန်မာ
ငါရို့ရခိုင်
သမိုင်းကိုလွမ်း      
ရိုးတောင်ကိုထမ်း
ဗန်းပြနီဖို့            
အချိန်မဟုတ်
ဖိုးဖီးဇူဇာ   
ငါရို့ မြီမာ
ကမ္ဘာတည်သရွိ  
အဓွန့်ရှည်ဖို့
သူ့ကျွန်မခံ           
တန်ပြန်လှန်ဖို့
အမျိုးသာရီး  
ဇာတိမာန်နန့်
ခေတ်သစ်စနစ်    
ရာစုသစ်မာ
ဖန်ဆင်းအသျှင်    
ရက္ခိုင့်တမ်မတော်ပင်
ရသင့်ရထိုက်          
အဖိုး အဖီး
အမွီနှစ်ကို   
ပြန်လီယူဖို့         
အဖပြည်ဖွား  
လခြမ်းမြီအား
လေးဝတီသား 
တာဝန်ပါလေ...
အတိတ်မြီကို           
တမ်းတရင်းနန့်
ရင်မာမွန်းကျပ်    
ဤအဖြစ်ပျက်
ရခိုင်သား
သိပါစီသာ်...။

ခိုင်မင်း(ဝရာဇ်မြီ)

30/11/2016

Sunday, 27 November 2016

ဤမိသားစု

ဤမိသားစု

လခြမ်းဌာနီ ၊ လေးဝတိက
အကျွန်လယ်ထွန် ၊ ဘားဘာမြနင်း
အမင်.ထမင်း ၊ နှာမဟင်းနန့်
ညီကကမ်းသင်း ၊ လယ်ကွင်းဆင်းလို့
ပျော်စရာလေ့ ၊ မိသားစုယေ...။

ဆားငံရီတလယ်သမားဘဝ
ဝမ်းဇာမရ၊ ယင်းနှစ်ကလေ့
အကြွီးဖောင်းဖောင်း ၊ အိမ်ဟောင်းလောင်းနန့်
အမင်.ဘားဘာ မျက်နှာမသာ
နှာမညီမောင် ၊ လမ်းသစ်ဆောင်လို့
တပြည်ရောက်ခ အကျွန်မောင်နှာမ

ဘားဘာအနိစ္စတမလွန်ရောက်ခ
အမင်.ရခိုင့် ၊ပြည်တွင်းထိုင်လို့
ညီကလုပ်ဆောင် ၊ ထိုင်းမှာယောင်ဗျာလ်
နှာမကြိုးစား ၊အမေရီကန်လား
အကျွန်လူခိုင် ၊ မလေးသျှားပိုင်
ဆုံခွင်းမကြုံ ၊ ဧ့လူဘုံယေ.။

အမင်.မေတ္တာ ၊ ဘားဘာ.အချစ်
နှာမကြည့်ဖြူ ၊ ညီမောင်ယုယ
အကျွန့်ဘဝထိုအခါက...
တမ်းတဝေဖြာ ၊  အကျွန်ကမ္ဘာ
ညည့်နတ်လီရ ၊ အခါခါလေ့
သုံးလရာသီ ၊ တဆယ်နှစ်လီ
နှစ်တိလေးပြောင်း ၊ သစ်ရွက်ဟောင်းဗျာလ်
ခရီးဆက်ယင့် ၊ ဧ့မိသားစု။

သာလီစွပါ အားလုံး ဆရာရို့

ခိုင်မင်း(ဝရာဇ်မြီ) 27/11-2016 post

Saturday, 26 November 2016

။ဖိတ်ခေါ်ပါယင့် အောင်ဇေယျမြီမှ။


။ဖိတ်ခေါ်ပါယင့် အောင်ဇေယျမြီမှ။

ဂစ္စပနဒီ
စီးဖြာသွယ်​ဆင်း 
ဤမြစ်​မင်းကား
ပြည်​ခိုင်​သားရို့
ဝမ်းစာအ​ရေး
ဖြည့်​ဆည်းပီးခ 
ကျေးဇူး အနန္ဒ ဂစ္စပ
ဂစ္စပမြစ်​မှ
တဖန်​လက်​တက်
ဖြာထွက်​ပါမှူ
မင်း​ချောင်း​ခေါ်တွင်​ 
ချောင်းအရှင်​လည်း 
မြောက်​မှ​တောင်​သို့
စီးဗျာလ်​ဆင်း၏
ဤ​ချောင်းအတိုင်းပင်
စုန်​ဗျာလ်​ဆင်း၍
ရှေ့ ​နောက်​ ဘယ်​ ညာ
လှမ်းကြည့်​ပါမှူ
အ​ရှေ့ဖက်​ကမ်းခြီ
လွင်​ပြင်​ကျယ်​မှာ
စိမ်းလန်းသာယာ
အောင်​​ဇေယျ ရွာ
တည်​ရှိလီ၏
ကျွန်​​တော်​ရို့၏
မွီးရပ်​ဋ္ဌာနီ
ချက်​မြှတ်​မြီတည်း 
တကျွန်းတည်းတည်​လာ
ကျေးရွာများနန့်
ညီ.ကိုပမာ
ချစ်​ခင်​ကာဖြင့်
ကိုင်းကိုကျွန်းမှီ
ကျွန်းကိုင်းမှီသို့
သွီးစည်းခိုင်​မြဲ
လက်​ချင်းတွဲ၍ 
ခေါ်တွင်​သမုခ်
အမည်​ထုပ်​​သော်
ခုနှစ်​ရွာတည်​ထွန်း 
အောင်​​ဇေယျ ကျွန်းဟု
လူသိများကာ
ကျွန်း၏အလယ်​ 
တောင်​ကုန်းထက်​၀ယ်
ကျွန်းသူ ကျွန်းသား
ညီညွတ်​အားဖြင့်
မြတ်​ဗုဒ္ဓ အမွီ
အဓွန့်​ရှည်​ဖို့ အရေး 
ရည်​​မျှော်​​တွေး၍
ထုလုပ်​တည်​ထား
မြတ်​ဘုရားကား
မြကျွမ်းသာပင်
ဘွဲ့မည်​တွင်​၏
နွီးဦး တပေါင်း
လ.မြတ် အခါ
စိုင်​လာမပျက်
ပွဲလန်းသဘင်
ဆင်​ယင်​ကျင်းပ
ဘုရားဖူးလာ 
ဆွေသဟာဖြင့်
ဇမ္ဗူမှာရှား
စည်​ကားလှ၏
ကျွန်းသူကျွန်းသား
စု​ပေါင်းအားဖြင့်
ဘုရားဖူးလာ
ဆွေသဟာအား
ထမင်းကအစ
မုန့်​ပဲသ​ရေစာ
ပီးလှူကာဖြင့်
ထိုနိန့်​ထုးကား
သဒ္ဒါတိုးပွား
ကုသိုလ်​များ၏
အခွင့်​အခါ
ကြုံကြိုက်​ပါ၍ 
အောင်​​ဇေယျကျွန်း 
ရောက်​လတ်​ပါမှူ 
တောစခန်းသာယာ
ဇေယျ ရွာကို
အလည်​လာဖို့အ​ရေး 
ဒေကဗျာရွီး၍
ဖိတ်​​ခေါ်လိုက်​​တေ 
လေးဝတီက
သွီးရင်းရို့​လေ...

ခိုင်မင်း(ဝရာဇ်မြီ)

27/11/2016 နိန့်

ရခိုင့်သမိုင်း

"ရခိုင့်သမိုင်း"

မသိသူများအတွက်ဗဟုသုတ

ဝံခံချက်//2014'ခုနှစ်ကfbစာမျက်နာတစ်ခုက'ကူးယူထားလိုက်သော(ရခိုင့်သမိုင်း)ပါ(fbနာမည်မရီးဖြစ်လိုက်ပါ)copy သက်မှတ်ပါ 'ဧ့ဂုမျှဝီလိုက်ပါရေ။  မူရင်းဆရာအားလေးစားပါ၏

"ရခိုင် သမိုင်း"
**********
��''ရခိုင် အစ မာရယုက''ဆိုသော
စကားအရ
ရခိုင် တွင် မာရယုမင်းသည်
မြို့ပြနိုင်ငံအဖြစ်
ပထမဆုံးဓညဝတီမြို့ကို
ဘီစီ(၃၃၂၅)တွင်စတင်တည်ထောင်
ခဲ့သည်။
ထိုဓညဝတီမြို့တွင်မင်း(၅၇)ဆက်
နှစ်ပေါင်း(၁၈၁၈)နှစ်ဖြစ်သည်။

    ဒုတိယဓညဝတီခေတ်ကိုဓမ္မရာဇာမင်းကဘီစီ (၁၅ဝ)တွင်တည်ထောင်ခဲ့သည်။
ထိုမြို့တွင်မင်း (၂၈)ဆက်
စိုးစံပြီးနှစ်ပေါင်း (၉၂၇)နှစ်ကြာမြင့်ခဲ့သည်။

တတိယဓညဝတီခေတ်ကို
စန္ဒသူရိယမင်းသည်ဘီစီ(၅၈ဝ)တွင်
တည်ထောင်ခဲ့ပြီးထိုမြို့၌မင်း(၂၅)ဆက်
စိုးစံ၍နှစ်ပေါင်း (၉ဝ၇)နှစ်ကြာမြင့်ခဲ့သည်။

ဝေသာလီခေတ်ကို
မဟာတိုင်းစန္ဒြားမင်းသည်အေဒီ(၃၂၇)တွင်တည်ထောင်၍မင်းဆက်(၂၆)ဆက်
နှစ်ပေါင်း (၄၉)နှစ်ကြာမြင့်ခဲ့သည်။

လေးမြို့ခေတ်ကို
ခေတ္တသင် မင်းသည်
အေဒီ (၈၁၈ )တွင်တည်ထောင်၍
မင်းဆက် (၆၁)ဆက်နှစ်ပေါင်း
(၆၁၂)နှစ်ကြာမြင့်ခဲ့သည်။

ထို့ကြောင့်ရခိုင်ဒေသတွင်ပ
ပထမဓညဝတီခေတ်မှ
မြောက်ဦးခေတ်ထိနှစ်ပေါင်း (၅၁ဝ၉)နှစ်မင်းဆက်
ပေါင်း (၂၄၅)ဆက်
အုပ်စိုးခဲ့ကြောင်းရခိုင်သမိုင်း
မှတ်တမ်းများအရသိရှိရသည်။

ခိုင်မင်း(ဝရာဇ်မြီ)

Thursday, 24 November 2016

*ငါ့၏သမိုင်း*

*ငါ့၏သမိုင်း*
��������������

��မတက်တခေါက်-အတွေးစနှင့်
ရခိုင့်စာပီ-ထွန်းကားလီဖို့
စာချေစီကုန်း-ရွီးသုံးပါသည်။

��စာလုံးမမှန်-သက်ပုံလန်ကာ
ကဗျာမဟုတ်-မျိုးဂုဏ်တင်ဖို့
လက်ာမညီ -စည်းဝါးပြီပျာ
ရခိုင့်စာပုဒ်-ရွီးကာထုပ်သည်
စာပီမြင့်မှ-လူမျိုးမြင့်မည်။

��မျိုးသျိုက်ရခိုင့်-ရွီးမဏ္ဍိုင်က
ကဗျာဆရာ-များပြားလာကာ
သူရွီးငါရွီး-ကဗျာထွီးဗျာလ်
သူ့. Status-ဗမာဘူးပိုင်
ဇာသူရွီးရွီး-ငါမရွီးဖို့
ငါရို့လူမျိုး-ရခိုင့်လူမျိုး
ငါရို့ဘာသာ-ရခိုင့်ဘာသာ
ငါရို့နိုင်ငံ-ရခိုင့်နိုင်ငံ
ငါရို့စာပီ-ရခိုင့်စာပီ
ငါရို့သမိုင်း-ငါ၏သမိုင်း။

ခိုင်မင်း(ဝရာဇ်မြီ) 25/11/2016 နိန့်



"လေးအိမ်သံမှတ်နန့်ရိုပ်ခပ်ထားဗျာလ် မမ"

"လေးအိမ်သံမှတ်နန့်ရိုပ်ခပ်ထားဗျာလ် မမ"
**************************

ကမ္ဘာကြီးမှာ တရုတ်လူမျိုးမရှိခကေ
    လူသားများအတွက် ပျစ္စည်း အတုဆိုစွောပေါ်လာဖို့မဟုတ်ပါလေ့။

ရခိုင့်ပြည်ကြီးမှာ မမသာ မရှိခကေ
ကျွန်တော် အတွက် အချစ်ဆိုစွော ပေါ်လာဖို့မဟုတ်ပါလေ့။

မမရေအလှတရားတွေကြောင့် ဧ့ဂုအခါ ရင်ထဲလှုပ်ခပ် နှလုံးသားမြို့တော်က အသဲတခြမ်း အသက်ဝင်ကာ ဇာကိုကြည့်ကြည့် မမကိုသာ မြင်နိန့်ဗျာ စားမရ အိပ်မပျော် ညည့် ညည့်ဆို သံခေါင်ကျော်လို့ မျှော်သာမျှော် ပေါ်မလာကေလဲ... မမဆိုရေ ရွှေရုပ်ပုံလေးကို ကျွန်တော်နှလုံးသားမှာ လေးအိမ်သံမှတ်နန့် ရိုပ်ခပ်ထားဗျာလ် မမ

ခိုင်မမြီ(ဝရာဇ်မြီ)

24/11/2016 နိန့်

Wednesday, 23 November 2016

ရခိုင့်သား

ရခိုင့်သား

စကါးလုံးတိ
အဆန်းနန့်
ကဗျာဆန်ဆန် မပြောကား။

ဗွီဒီယို့ကါး
ဝတ္ထုပိုင်
ကွဲ့ကောက်လို့လဲ ချုပ်မလား။

ရိုးသားဖြောက်မတ်
ဒေရင်ထဲ
ကမ္ဘာ့တည်ထိ ရခိုင့်သား။

ခိုင်မင်း(ဝရာဇ်မြီ)

Sunday, 20 November 2016

ဆောင်းညအလွပ်း

သာလီစွပါအားလုံးကို

ငယ်ချစ်ဦးသို့ လွမ်းချင်း

ငယ်ချစ်ဦးသို့ လွမ်းချင်း

ရွက်​​ဟောင်းတိ ကြွီ 
ရွက်​သစ်​၀ီ၍ 
တူစုံငှက်​ငယ်
လီမှာပျံဝဲ
ဥသြငှက်​ရို့ 
တေးသံကြားတိုင်း
လွမ်းရပါ​ရေ
ချစ်​ဦး​သျှေ

******************

ခိုင်မင်း(ဝရာဇ်မြီ)

Sunday, 6 November 2016

သျိုက်သူဖတ်ဖို့

��သျှစ်ဆုံးသူချေဖြတ်ဖို့��

������������������������������

�� ဖူးပွင့်နီလာ ပန်းကမ္ဘာလို့
ဖူဖွဲးဝင်းပ မင်းမျက်နှာချေ
တုနိုင်းမမြီ မောတ္တာမြီမှာ
သိစ္စာလေးထား နှစ်ယောက်သားအား...
လ.ကမ္ဘာအောက် အတူရောက်လို့ ချိုသာစကား ရင်ခွင်ကြားမှာ 
ဘဝ.ဝတ္ထု မင်းဖြတ်ဖူးရေ
ပီတီဖြာဝယ် ပျော်ရွင်ကြည်နူး
သျှစ်ရီလူးဗျာလ်အနာဂတ်တွက် တွေးယင်းပင်လေ သြော်...အဂုခါ ဝီးရဗျာလ်ကား သျှစ်ဆုံးသူချေ...။

��နှလုံသားသားကို ဗဟိုပြုလို့ အသဲကို အရင်းတည်ကာ ချစ်ခမီးသူ ဒေလူတစ်ယောက် အလွမ်းဒဏ်ရာ မျက်ရည်မိုးတိ တနီရာတေ ရွာသွန်းခကေ လောကတခွင် ဤလုဘုံတွင် လူသားအများ သက်"ဆုံး"လားကေ တွင်းတူးစရာ သုဖရာဇါ လို့ဖို့မထင် သျှစ်ဆုံးချစ်သူ...။

��အသဲတခြမ်း ကျောက်"စရိုတ်"သွင်း  နှလုံးသာကို ကပ်တရာစီးလုပ် ချင်သူလျှောက်ဖို့ ဘဝလမ်းမှာ ပန်းခြင်းသောလမ်း မဟုတ်ကေတောင် ကြမ်းတန်းသော ကျောက်"လမ်း"အဖြစ် ဒေဘဝကို  ပီးဆက်သျှင်စော ဤမှန်ကန်သော စကားပါယေ သျှစ်ဆုံးသူချေူ...။

ခိုင်မင်း(ဝရာဇ်မြီ)

ဖြတ်/ဖတ် ဖြစ်သူများ အကြုံပီးနိုင်ပါရေ

ရခိုင်ပြည်ဖြစ်စဉ်သမိုင်း

ရခိုင်ပြည်ဖြစ်စဉ်သမိုင်း 1785 မှ 2012 ထိ
____________________________________
(အေဒီ - ၁၇၈၅ မှ အေဒီ - ၂၀၁၂ ထိ)
AD - ၁၇၈၅ - ဇွန်န၀ါရီ (၁)ရက် မြောက်ဦးမြို့တော် ကျဆုံး
- ဇွန်န၀ါရီ (၁၁)ရက် ဘုရင်မဟာသမ္မတရာဇာ ဖမ်းဆီးခံရ။
- မဟာမုနိကို အမရပူရသို့ ရွှိ့၊ ရခိုင်ကို မြို့ဝန်လေးစုဖြင့် အုပ်ချုပ်မှုစတင်။
AD - ၁၇၈၇ - ငပေါလုံး၏ ဗဒုံမင်းအား ဆန့်ကျင်တော်လှန်မှုတိ ကြီးမားလာ။
AD - ၁၇၈၈ - မင်းညီမင်းသားတိ၊ ရဟန်းတော်တိ၊ ပညာသည်များ၊ ကိုယ်ရံတော်၊ သူငယ်တော်၊ မိန်းမစိုး စရေ ရဟန်းသျှင်လူရို့ကို မန္တလေးအမရပူရသို့ ဖမ်းဆီးယူဆောင်ခံရ။ ရခိုင့်နန်းတော် တစပြင်ဖြိုက်လား။
AD - ၁၇၈၉ - ဇင်းမယ်သို့ စစ်ချီစော်မှာ ရခိုင်ပြည်သူတိကို စစ်သား (၆၀၀၀) စုဆောင်းပီးခရ။
AD - ၁၇၉၃ - ငပေါလုံးတော်လှန်ရေး လှုပ်ရှားမှုတိ အမြင့်ဆုံး အခြီအနီသို့ ရောက်ခ။
AD - ၁၇၉၄ - စစ်တကောင်းမှာ တိမ်းရှောင်နီရေ ငပေါလုံး၊ ငခွက်ပေါက်၊ ကျွဲတစ်ကောင်နိုင် ရို့ကို ရခိုင်မြို့ဝန်သို့ လွှဲပီးခြင်းခံခရ။
AD - ၁၇၉၅ - ဇွန်လတွင် ရခိုင်တော်လှန်ရေး သူရဲကောင်း ငပေါလုံး၊ ငခွက်ပေါက်တို့ကို အဆုံးစီရင်။ ကျွဲတစ်ကောင်နိုင်က ဆင်ဖြူကျွန်းသို့ ထွက်ပြီးလွတ်မြောက်ခ။
AD - ၁၇၉၇ - မင်းကွန်းခေါင်းလောင်း လုပ်ဖို့အတွက် ရခိုင် အယောက်၂၀၀၀ကျော် လုပ်အားပီးဖို့အတွက် တောင်းဆိုခံခြင်းခံရ။ ယင်းစော်ကို မလိုလားလို့ ဆန့်ကျင်ပုန်ကန် ကတ်တေလူတိနန့် ဗိုလ်ချင်းပျံ စတင် ပူးပေါင်း။ မြို့ဝန်အုပ်ချုပ်ရီး ကျွန်စနစ်ဆိုးကြောင့် ရခိုင်ငါးသောင်းလောက် စစ်တကောင်းနယ်သို့ လားပနာခိုလှုံ။
AD - ၁၇၉၈ - ငတုံးစံ၊ ငကာစွယ်၊ တုံးစံရွေ ရို့ကတိုက်စည်တိုက်မောင်း တီးလို့တော်လှန်ခကတ်။ စိန်တင်စားချင်းပျံ ရခိုင်တော်လှန်ရေး သမားတိနန့်ပူးပေါင်း။
AD - ၁၇၉၉ - ချင်းပျံတပ် စစ်ရီးရှုံးနိမ့်လို့ စစ်တကောင်းသို့ ခိုဝင်ခ။
AD - ၁၈၁၁ - ချင်းပျံပြန်လည် ထိုးစစ်ဆင်ပြီးကေ ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခကေလည်း ဗမာဘုရင် မောင်ဝိုင်းတပ် အင်အားကြီးမားမှုကြောင့် ထိုးစစ်မှ ခံစစ်သို့ ပြောင်းလဲလို့ ရဲဘော်ရဲဘက် တစ်သိန်းနန့် တောထဲသို့ ခိုဝင်ရှောင်တိမ်းခ။
AD - ၁၈၁၂ - ချင်းပျံ တတိယအကြိမ် ကိုးလလောက် ကြာအောင် တော်လှန်ခ။
AD - ၁၈၁၂ - ၁၈၁၇
- ဆန်စပါးရှားပါးပြီး အစာရီစာငတ်လို့ ရဲဘော်တိသီဆုံးလို့ တော်လှန်ရီးကို နှောင့်နှေးစီခ။

AD - ၁၈၁၅ - ဇန်န၀ါရီ (၂၅) ရက်နိန့်မှာ ရခိုင့်တော်လှန်ရေး သူရဲကောင်း ဗိုလ်ချင်းပြန် ဖလောင်းချိတ်မှာ ကွယ်လွန်အနိစ္စရောက်။
AD - ၁၈၁၆ - ရခိုင်တော်လှန်ရီး လှုပ်ရှားမှုတိ တဖြည်းဖြည်း အရောင်မှေးမှိန်လားခ။
AD - ၁၈၂၄ - အမရပူရ စစ်ဗိုလ်ချုပ် ရခိုင်အရီးကိစ္စကို နှိမ်နှင်းရေလူ ဗန္ဓုလ ပန်းဝါကိုတိုက်။ စစ်ပွဲမှာ စစ်ရှုံးလို့ပြန်ဆုတ်ခွာခ။
ရှင်မဖြူကျွန်း အရေးအခင်းဖြစ် (အင်္ဂလိပ်ခေတ်)
AD - ၁၈၂၅ - ဗြိတိသျှတပ်တိ ရခိုင်ပြည်သို့ဝင်၊ မြောက်ဦး (ဧပြီ-၂)၊ ရမ်းဗြဲ(ဧပြီ-၂၂)၊
မာန်အောင်(မေ-၆) တို့တွင်သိမ်းယူ။
AD - ၁၈၂၇ - မင်းသားကြီး ရွှီဗန်း အင်္ဂလိပ်တိကို စတင်တော်လှန်။
AD - ၁၈၂၉ - ဦးမောင်သာဦးရို့ကလည်း စတင်တော်လှန်။
AD - ၁၈၃၂ - ကျိန္တလီဘုန်းကြီး ဦးဆောင်တော်လှန်။
AD - ၁၈၃၄ - ရခိုင်အုပ်ချုပ်ရေးကို ဘင်္ဂလားနယ်မှ ခွဲထွက်၊ တိုင်းတစ်ခုအဖြစ် သတ်မှတ်။
AD - ၁၈၃၆ - ဇန်န၀ါရီလမှာ လေးမြို့သူကြီး ချစ်စံဝေရို့ တော်လှန်၊ ချစ်စံဝေ အဖမ်းခံရ။
AD - ၁၈၅၃ - တောင်ကုတ်နယ်မှာ တော်လှန်မှုစတင်။
AD - ၁၈၆၃ - တောင်ကုတ်နယ်မှာ ဗိုလ်ကျော်ဝ ဦးဆောင်တော်လှန်မှု ထင်ရှားလာ။
AD - ၁၈၆၄ - သံတွဲခရိုင် တောင်ပိုင်း ဂွနယ်ကို ရခိုင်တိုင်းသို့ ပြန်သွင်း။
AD - ၁၈၆၅ - ရခိုင် မြောက်ဖျားဒေသကို စစ်တွေခရိုင်က ခွဲထုတ်အုပ်ချုပ်။
AD - ၁၈၆၇ - စစ်တွေနှင့် ကျောက်ဖြူမှာ ဦးမောင်ဖြူတို့ တော်လှန်။
AD - ၁၈၇၁ - ဦးမောင်ဖြူ အဖမ်းခံရ။
AD - ၁၈၈၇ - ရခိုင်တောင်ပိုင်းမှာ ကျောက်စိမ်းဗိုလ်နှင့် ဇော်ဂျီဗိုလ်ရို့က တော်လှန်။
AD - ၁၈၉၀ - သံတွဲမှာ ရဟန်းတစ်ပါး၊ ကျောက်ဖြူမှာ ဗိုလ်မောက်၊ ဂွမှာ ဗိုလ်ကြာထွန်း၊ ဦးလှရွေ၊ ဗိုလ်ကျော်ဝရို့က တော်လှန်။
AD - ၁၈၉၁ - မစဲကမ်းမှ ဦးမောင်ဖော်အောင် ဦးဆောင်ရေ တော်လှန်ရေးစတင်။
AD - ၁၈၉၂ - ဦးမောင်ဖော်အောင်နှင့် အတူ ဖခင်ဦးချင်းပို ဖော်ဝါရီလမှာ အဖမ်းခံရပြီးကေ စစ်တွေထောင်မှာအကျိုင်းချခံရ။
AD - ၁၉၀၆ - ဦးစိန်လှအောင် (YMBA) အသင်းကို တည်ထောင်ပီးခ။
AD - ၁၉၁၀ - ဦးမဲအောင်အား နောင်ပေါ်လာခရေ ဂျီစီဘီအေ (GCBA) အသင်းမှာ ဥက္ကဌအဖြစ် ရွီးချယ်။
AD - ၁၉၁၈ - ရခိုင်ပြည်အသင်းကို ထူထောင်။
AD - ၁၉၂၀ - ကျောက်တော်နှင့် စစ်တွေရို့မှာ အမျိုးသားကျောင်းများ တည်ထောင်။
AD - ၁၉၂၂ - ရခိုင်သံဃာသမဂ္ဂီကိုဖွဲ့။
AD - ၁၉၂၃ - ဒိုင်အာခီ အုပ်ချုပ်ရီးမှာ မဲပီးကတ်ရ။
AD - ၁၉၃၀ - ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေး အဖွဲ့ချုပ်ကို တည်ထောင်လှုပ်ရှား။
AD - ၁၉၃၄ - ရခိုင်ပြည်လုံးဆိုင်ရာ ဆင်းရဲသားအဖွဲ့ကို ဖွဲ့စည်း။
AD - ၁၉၃၆ - ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်များ နိုးကြားရီး အစည်းအရုံးကို တည်ထောင်။
AD - ၁၉၃၇ - အိန္ဒိယနိုင်ငံရေးခေါင်းဆောင် ပဏ္ဍစ်နေရူး စစ်တွေသို့ ရောက်။
AD - ၁၉၃၉ - ရခိုင်ဆင်းရဲသား အဖွဲ့နှင့် လူငယ်များနိုးကြားရေး အစည်းအရုံးရို့က ညီလာခံကျင်းပ။ ရခိုင်နိုင်ငံရေး ကိစ္စကို ရခိုင်ကျောင်းသား ခေါင်းဆောင်ကိုဘစံနှင့် သခင်အောင်ဆန်း စတင်ဆွေးနွေး။
AD - ၁၉၄၀ - ဆင်းရဲသားအဖွဲ့နန့် လူငယ်တိပူးပေါင်းပြီးကေ (ANC) အနေနန့် ညီလာခံကျင်းပ။
AD - ၁၉၄၂ - ရခိုင်နိုင်ငံရီးသမား (၁၈)ယောက်ကို အင်္ဂလိပ်က ဖမ်းပြီးကေ အိန္ဒိယထောင်သို့ ပို့၊ ကျန်နိုင်ငံရီးခေါင်းဆောင်တိ တိမ်းရှောင်ခရ။
-ဘီအိုင်အေတပ်တိ ဘူးသီးတောင်က ဆုတ်ခွာ။ ရခိုင်စစ်ပြီးအများကြီး သင်္ဘောမြုပ်လို့ သီလားခ။
AD - ၁၉၄၃ - ရခိုင်ကာကွယ်ရီး တပ်ဖွဲ့ကို မြောက်ဦးမှာ ရခိုင်ခေါင်းဆောင်ရို့က စတင်ဖွဲ့စီး။
AD - ၁၉၄၄ - ရခိုင်က ဂျပန်ကို စတင်တော်လှန်မည် ဖြစ်ကြောင်းကို ရန်ကုန်သို့ အသိပီး။
AD - ၁၉၄၅ - မြန်မာပြည်မှာ အစောဆုံး တော်လှန်မှု အဖြစ် ပြဒေးစခန်းက စတင်၍ ဂျပန်ရို့ကို တော်လှန်။
AD - ၁၉၄၆ - ရခိုင်ဖဆပလရို့က တောကန်ညီလာခံ ကျင်းပ။
- ဗိုလ်ချုပ်အောင်ဆန်း စစ်တွေမှာ စည်းရုံးရီး တရားဟော။
AD - ၁၉၄၇ - ရခိုင်တပ်ပေါင်းစု ညီလာခံကို မြေပုံမှာ ကျင်းပ။
- ရခိုင်ကွန်မြူနစ်ရို့ ရခိုင်ဖဆပလက ခွဲထွက်၊ မယူနယ်တွင် မူဂျာဟစ်ကုလားတိ ပုန်ကန်ထကြွ။
AD - ၁၉၄၈ - ဇန်န၀ါရီ (၄) မှာ ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ်ရီး အဆုံးသတ်။
လက်ရှိ မြန်မာအုပ်ချုပ်ရေးခေတ်
AD - ၁၉၄၈ - ရခိုင်တိုင်း ဆိုရှယ်လစ်ပါတီ ဖွဲ့စီး။
AD - ၁၉၄၉ - ရခိုင်မှာရှိရေ ပြည်ထောင်စုတပ်နန့် ပြည်သူ့ရဲဘော်ရို့တောခို၊
` - မူဂျာဟစ်ကုလားတိ သောင်းကြမ်း။
AD - ၁၉၅၀ - အစိုးရတပ်ကး မြို့ဟောင်း၊ တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် မြို့ တိကို ပြန်လည် သိမ်းယူခ။
AD - ၁၉၅၂ - အထွေထွေ ရွီးကောက်ပွဲ၊ ရခိုင်တစ်သီးပုဂ္ဂလ အမတ်တိ အဖွဲ့ကို ဖွဲ့စီး။
AD - ၁၉၅၃ - ရတည ကိုဖွဲ့စည်း၊ မူဂျာဟစ်စခန်းများ တပ်မတော်မှ သိမ်းပိုက်။
AD - ၁၉၅၄ - ရခိုင်သံဃာ သမဂ္ဂီအဖွဲ့ကို ဖွဲ့။
AD - ၁၉၅၅ - ရခိုင်တိုင်းရင်းသား လူငယ်များ အစည်းအရုံးကို တည်ထောင်၊ ------ ဘုံပေါက်သာကျော်နန့် အဖွဲ့မင်းပြားမှာ အလင်းဝင်။
AD - ၁၉၅၆ - ပါလီမန် ရွီးကောက်ပွဲမှာ ရတညက (၄၆) ရာခိုင်နှုန်း၊ ဖဆပလမှ (၅၄) ရာခိုင်နှုန်း ရရှိ။
AD - ၁၉၅၇ - ရခိုင်တောခို ပြောက်ကျားရို့ အလင်းဝင်။
AD - ၁၉၅၈ - ဦးစိန္တာနန့် အဖွဲ့ မင်းပြားမှာ လက်နက်စွန့်၊
ကွန်မြူနစ် ပါတီက ဗိုလ်အောင်ကျော်နန့် အဖွဲ့၊ ပြည်သူ့ရဲဘော် ဗိုလ်စံသာကျော် တပ်ဖွဲ့၊ ဦးကျော်ထွန်း၏ တပ်ဖွဲ့၊ ကျောက်ဖြူခရိုင် ဂွမြို့နယ် ရို့က ပြည်သူ့ ရဲဘော် အဖွဲ့တိက လက်နက်ချ။ ရခိုင်အမျိုးသား ညီညွတ်ရီး တပ်ပေါင်းစု ဖွဲ့။
AD - ၁၉၆၀ - ပါလီမန်ရွီးကောက်ပွဲ၊ ရခိုင်အမတ် နိန်ရာတိမှာ ရတညက (၆၀) ရာခိုင်နှုန်း၊ ဖဆပလမှ (၄၀) ရာခိုင်နှုန်းရရှိ။
AD - ၁၉၆၁ - မူဂျာဟစ်သောင်းကျန်းသူ ကုလား (၂၉၀) ကောင် အလင်းဝင်။
AD - ၁၉၆၃ - ရခိုင်ပြည် ကွန်မြူနစ်ပါတီနန့် တော်လှန်ရီးပါတီ ရို့ ပြည်တွင်းငြိမ်းချမ်းရီး အတွက် ဆွေးနွေး။
AD - ၁၉၆၇ - ကျောက်တော်ကို ဗကပရို့က ၀င်စီး၊ ဆန်ရှားပါးမှုလို့ စစ်တွေမှာ ရုန်းရင်းဆန်ခတ် ဖြိုက်။ ဆန်တောင်းခံ ဆန္ဒပြရေလူတိကို စစ်တပ်က သနတ်နန့်ပစ်လို့ ရခိုင်သူ/သား ရာဂဏန်းတိအများကြီး သီဆုံးလားခ။ (သြဂုတ် - ၁၃)။
AD - ၁၉၆၈ - အမ်းမြို့ကို ဗကပ ဗိုလ်သက်ဆွေနန့် အဖွဲ့ ၀င်စီး။
AD - ၁၉၇၀ - မင်းပြားကို ဗကပ က၀င်စီး။
AD - ၁၉၇၁ - အမှတ် (၇) ဒေသပါတီ နာမယ်နန့် ရခိုင်တိုင်းအတွက် ဒေသပါတီကို ဖွဲ့စီး။
AD - ၁၉၇၂ - ANUP ပါတီမှ ဥက္ကဌ ဗိုလ်ကြီးကြာလှအောင် အလင်းဝင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို စစ်တွေမှာ ဖွင့်လှစ်။
AD - ၁၉၇၃ - ALP ပါတီခေါင်းဆောင် ပီတာဘချိုရို့ အလင်းဝင်။ ကုလားဇော်ဖား ဌာနချုပ်ကို
စစ်တပ်က သိမ်းပိုက်။
AD - ၁၉၇၄ - ရခိုင်တိုင်းကနိန် ရခိုင်ပြည်နယ် လို့ ပြောင်းလဲ သတ်မှတ်။
AD - ၁၉၇၃ - ဗိုလ်ခိုင်မိုးလင်း ထောင်မှ လွတ်မြောက်။
AD - ၁၉၇၄ - ဗိုလ်ခိုင်မိုးလင်း ဦးဆောင်ရေ ရခိုင်ပြည် လွတ်မြောက်ရီး တပ်မတော် ဖွဲ့စီး။
AD - ၁၉၇၆ - ဗိုလ်ခိုင်မိုးလင်း နန့်တပ်ဖွဲ့ ရခိုင်ပြည်သို့ မိုင်နှစ်ထောင်ရှည်ရေ ကုန်းကြောင်း စစ်ကြောင်းခရီး စတင်၍ ချီတက်။
AD - ၁၉၇၇ - ရခိုင်ပြည် လွတ်မြောက်ရီး တပ်မတော်မှ ဗိုလ်ခိုင်မိုးလင်း ချင်းပြည်နယ် တွန်းဇံတံတားနားမှာ ကိုယ့်ကိုယ်ကို အဆုံး စီရင်ခ။ (ဇန်န၀ါရီ ၄)
အေအိုင်အေ ခေါင်းဆောင် ဦးစံကျော်ထွန်း ဟုမ္မလင်း တောထဲမှာ ကျဆုံး။ (ဇူလိုင် ၂၄)
AD - ၁၉၈၀ - AIA ဥက္ကဌ ထွန်းရွှေမောင်၊ ရခိုင်ပြည်နယ် ကွန်မြူနစ်ပါတီ ဥက္ကဌ ကျော်ဇံရွှီ၊ ဗိုလ်သက်ထွန်းရို့အလင်းဝင်။
AD - ၁၉၈၈ - ရန်ကုန်မြို့ ရခိုင်အမျိုးသား ရို့က ရခိုင်အမျိုးသား သမဂ္ဂကို ဖွဲ့စည်း၍ အမျိုးသားရီး ဆန္ဒကို ထုတ်ဖော်ပြသ။
AD - ၁၉၉၀ - မေလရီးကောက်ပွဲ၊ ရခိုင်ပါတီ ALD က ရခိုင်ပြည်မှာ မဲအပြတ်အသတ်အနိုင်ရ။
AD - ၁၉၉၂ - ALD ဖျက်သိမ်းခြင်း ခံရ။
AD - ၁၉၉၆ - ကျောင်းသားများ ဆန္ဒပြစော်တိ ရခိုင်ကို ကူးစက်။ ကျောင်းသားတချို့ ထွက်ပြီးတိမ်းရှောင်ခရ။
AD - ၂၀၀၇ - ကုန်ဈေးနှုန်း မြင့်တက်လို့ စစ်တွေက ရဟန်း၊ ပြည်သူရို့ စလို့ဆန္ဒပြ။ မြန်မာနိုင်ငံ နိန်ရာအနှံကို ကူးစက်။
AD - ၂၀၀၉ - စစ်တွေက အမျိုးသားရီးရာ တက်ကြွလှုပ်ရှားရေ လူငယ်တစ်စု ထိန်းသိမ်းခံရ။ ထောင် နှစ်အသီးသီးကျ။
AD - ၂၀၁၀ - RNDP စတင်ဖွဲ့စည်း။
AD - ၂၀၁၂ - RNDP ရာနှုန်းပြည့် မဲရရှိမှုဖြင့် အင်အားအကောင်းဆုံး ပါတီဖြစ်လာ။
AD - ၂၀၁၂ - ဦးသိန်းစိန်အစိုးရက ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ငြိမ်းချမ်းရီးဆွေးနွေးဖို့ကမ်းလှမ်း။
ကိုးကား-
၁။ ရခိုင်ပြည် နိုင်ငံရီး ဖြစ်စိုင်သမိုင်း
၂။ သီရိဝစ္ဆ အမှတ် (၁)
၃။ မဇ္ဈိမဒေသ အရီးတော်ပုံကျမ်း
၎။ စစ်တကောင်းမှသည် ရန္တပိုဆီသို့
အာရကန် သိန်းဝင်းFb မှ ကူးယူဖေါ်ပြသည်။

ခိုင်မင်